မဟာအောင်မြေမြို့နယ် အမှတ်(၂၄) အခြေခံပညာအထက်တန်းကျောင်းတွင် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

မဟာအောင်မြေ ဇူလိုင်  ၃၁

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် အမှတ်(၂၄)အခြေခံပညာအထက်တန်း ကျောင်းတွင် (၅၆)ကြိမ်မြောက်ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ကြွရောက်တော်မူကြသော ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများက နမော တဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ပုသိမ်ကြီးမြို့နယ် နံ့သာတောရကျောင်း ဦးစန္ဒောဘာသထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြသည်။

အဆိုပါ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပွဲကို အမှတ်(၂၄)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ် ဆရာကြီး ဦးမျိုးဆန်းလင်း၊ကျောင်းအကျိုးဆောင်များနှင့် မိဘဆရာအသင်းမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများမှဝါဆို သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြကာ ရေစက်သွန်းလောင်း အမျှအတမ်းပေးဝေခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း