အမရပူရမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကျင်းပ

အမရပူရ ဇူလိုင် ၃၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ပင့်သံဃာတော်၁၀ပါးကို အမရပူရမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 အခမ်းအနားတွင် အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းရွှေရည်အောင်နှင့် အဖွဲ့ဝင်များက ပင့်သံဃာတော် ၁၀ ပါးတို့အား အာရုံဆွမ်းဆင်ကပ်သည်။ ထို့နောက်ငါးပါးသီလခံယူဆောက်တည်ပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်း၊ ဝတ္ထုငွေတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချူပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

စိုးသီဟ(အမရ)