တံတားဦး ဇူလိုင် ၃၁
တံတားဦးခရိုင် တံတားဦးမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးလွယ်ကူသဖြင့် မန္တလေးမြို့နှင့်အခြားမြို့များမှ တိုက်ရိုက်ဝယ်ယူရောင်ချရန် လွယ်ကူနေမှုကြောင့် ပန်းများယခင်ကထက် အဝင်များကာ ပန်းဝယ်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ကြောင်း ပန်းရောင်းသူဈေးသည် ဒေါ်ခင်မျိုး ထံမှသိရသည်။
ကျွန်မတို့ ပန်းရောင်ချလာတာ နှစ်ပေါင်းများပါပြီ ဒီပန်းတွေရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေပါတယ်၊ အရင်လတွေက တစ်ရက်ကို (၁၅၀၀၀)ကျော်လောက် အမြတ်ငွေ ရရှိပါတယ်၊ အခုဆိုပန်းစိုက်ပျိုးးသူများအနေဖြင့် ရေသွင်းစိုက်ပျိုးနေခြင်းကြောင့် ပန်းများ လှိုင်လှိုင်ပေါနေရခြင်း၊ ပန်းစိုက်ပျိုးသူ များပြားနေခြင်းတို့ကြောင့် ပန်းရောင်းအားဟာ တစ်ရက် ကို (၁၀၀၀၀)လောက်ပဲ အမြတ်ကျန်ပါတယ်၊ ပန်းများပေါများနေခြင်းကြောင့် ကိုယ့်အိမ်ဘုရားပန်းအတွက်ဖြစ်စေ၊ လက်ဆောင်ပေးရန်ဖြစ်စေ ပေါပေါဝယ်ယူ နိုင်တာပေါ့၊ ကျွန်မတို့က ပန်းပေါင်းစုံတင်ရောင်းချတာဆိုတော့ ဈေးဝယ်သူများအနေနဲ့လည်း အဆင်ပြေတာပေါ့၊ ပန်းအမျိုးအစားတွေကတော့ နှင်းဆီပန်း၊ ဂန္ဓမာပန်း၊ ပန်းထိန်ငိုပန်း၊ သစ္စာပန်း၊ လီလီပန်း၊ မေမြို့ပန်း၊ သပြေပန်း၊ နှင်းပန်း၊ ဒေစီပန်း၊ ရွှေပန်း၊ ငွေပန်း အစရှိတဲ့ပန်းတွေကို ရောင်းချပါတယ်၊ အခုဆိုရင်ပန်းတွေက ပေါများတော့ ဝယ်သူတွေအနေနဲ့ အဆင်ပြေပါပြီး အခြားပန်းတွေကို လည်း ဈေးလျော့ရောင်း နေရကြောင်း ပန်းရောင်းသူဈေးသည် ဒေါ်ခင်မျိုး ထံမှသိရသည်။
ပန်းစိုက်ပျိုးသူတွေက ရေသွင်းစိုက်ပြီး ဘောင်စနစ်ဖြင့် စိုက်ပျိုးခြင်းကြောင့် ပန်းများလှိုင်လှိုင်ပေါနေခြင်း၊ ဒါ့အပြင် လမ်းပန်းဆက်သွယ် ရေးကောင်းမွန်ခြင်းတို့ကြောင့် ပန်းများဈေးနှုန်းချိုသာ စွာဖြင့် ရောင်းချပေးနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားပြီး ပန်းဝယ်ယူများအဆင်ပြေစေရန် ကျွန်မတို့ ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)