နောင်ချိုမြို့ အထက-၁ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပွဲကျင်းပ

နောင်ချို  ဇူလိုင် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထက-၁ ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများမှ ဝါဆို သင်္ကန်း၊ ဝါဆိုပန်းနှင့် နဝကမ္မအလှူတော် ငွေကျပ်သိန်း(၂၀) ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက သဖန်းကိုင်းဘုန်တော်ကြီး ကျောင်းအကယ်ဒမီဝိပဿနာဓမ္မရိပ်သာတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများမှ    သဖန်းကိုင်း ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော် သံဃာတော်များက ပရိတ် တရားတော်များရွတ်ဖတ်ပူဇော်၍  ဝါဆိုဝါကပ်ကြမည့် ဝါဆိုသံဃာများအား သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ၊ နဝကမ္မအလှူတော်ငွေများကို    ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နောင်ချိုမြို့နယ်အနေဖြင့် မြို့နယ်အတွင်းရှိကျောင်းအတွင်းတွင် သီတင်းသုံးနေထိုင်ကြသော ရဟန်း၊ သံဃာ၊ သာမဏေ၊ သီလရှင်များ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်နိုင်ရေးအတွက် ဝါဆို သင်္ကန်းများကို ဌာနဆိုင်ရာများမှလည်းကောင်း၊ အသင်းအဖွဲ့များမှလည်းကောင်း၊ ရပ်ကွက်ပြည်သူ များမှလည်းကောင်း ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်းသိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)