ချောင်းဆုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ဧက(၆၁၈၂၀)ဧက စိုက်ပျိုးပြီးစီး

ချောင်းဆုံ ဇူလိုင် ၃၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပြည်သူများ ဒေသဝမ်းစာ စပါးဖူလုံစေရေးအတွက် ၂၀၂၃ ခုနှစ်အတွင်း မိုးစပါးစိုက်တောင်သူများအနေဖြင့် စိုက်ဧက(၆၅၂၄၂)စိုက်ပျိုးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားလျက်ရှိပြီး ဇူလိုင်လ(၃၁)ရက်နေ့အထိ မိုးစပါး(၆၁၈၂၀)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၉၄.၇၅)ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု လျာထားချက်ပြည့်မီကျော်လွန်စေရေး၊ မျိုးကောင်းမျိုးသန့် စပါးများစိုက်ပျိုး၍ အထွက်နှုန်းတိုးပွားစေရေး၊ စိုက်နည်းစနစ်နှင့် သဘာဝမြေသြဇာသုံးစွဲမှု နည်းစနစ်မှန်ကန်စေရေးအတွက် ဝန်ထမ်းများမှကွင်းဆင်းပြီး တောင်သူများအား အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် မိုးစပါးစိုက် လျာထားစိုက်ဧကပြည့်မီရန် (၃၄၂၂)ဧကကျန်ရှိကြောင်း တောင်သူများစိုက်ပျိုးရာသီမကျော်လွန်ခင် အချိန်မီစိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)