သထုံ ဇူလိုင် ၃၁
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင် ယနေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ကျုံပါကျေးရွာအုပ်စု၊ ကျုံပါကျေးရွာရှိ လူနေအိမ်(၆)လုံး လေဘေးသင့်ကာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများလဲပြိုပြီး ကျုံပါကျေးရွာရှိ လူနေအိမ်(၆)လုံး ထိခိုက်ပျက်စီးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်အေးခန့်နှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်မင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက သွားရောက်စစ်ဆေး၍ လဲပြိုသည့် သစ်ပင်သစ်ကိုင်းများရှင်းလင်းခြင်း၊ နေအိမ်ထိခိုက်ပျက်စီးသူများအတွက်လိုအပ်သည်တို့အား ကူညီဆောင်ရွက်ပေးခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၆)လုံး ဆုံးရှုံးမှုတန်ဖိုး (၂၆၅၀၀၀ဝ)ကျပ်ခန့် ထိခိုက်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်