ဒလမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က(၂)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဒလ ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က(၂) ပညာရတနာခန်းမ၌  ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒလမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးချမ်းငြိမ်းထက်မှ  ပလတ်စတစ်ညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ ပလတ်စတစ်၏ ဆိုးကျိုးသက်ရောက်မှုကြောင့် ဖြစ်ပွားနိုင်သောရောဂါများ၊ ပလတ်စတစ်ညစ်ညမ်းမှုကို ဖြေရှင်းရန်နည်းလမ်းများ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းတို့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။  ဆက်လက်၍ ပလတ်စတစ်အသုံးပြုမှုလျော့ချခြင်းဖြင့် သဘာဝပတ်ဝန်းကျင် သာယာလှပရေးကို အထောက်အကူပြုကြရန်နှင့် ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်ညစ်ညမ်းစေနိုင်သော ဆိုးကျိုးများနှင့်သက်ဆိုင်သည့် မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူများအား အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ လက်ကမ်းစာစောင်များကို တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ ပညာရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၂)ဦးရွှေလှိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဆရာဆရာမများနှင့်  ကျောင်သား၊ ကျောင်းသူဦးရေ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ကျော်စည်သူ(ပြန်/ဆက်)