နတ်တလင်း ဇူလိုင် ၃၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါး ထွန်တုံးပိတ်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သက်ငယ်ပြင်ကျေးရွာ တောင်သူဦးသိန်းဌေး၏ ကွင်းအမှတ် ၂၆၂၊ လယ်ဧက(၁၅)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ထွန်တုံးပိတ်မိုးစပါးစိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သူနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူ(၅၀)ဦးခန့် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)