ပုဇွန်တောင်မြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ဂွမြို့နယ်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ဆပ်သွားကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ပြည် သူထည့်ဝင်ငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဗိုလ်တတောင်မြို့နယ်တွင် (၇၆)မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk show ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ညနေပိုင်းက ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာပေရေးရာဆွေးနွေးပွဲကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာပေရေးရာဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီတွင် ကျင်းပခဲ့သည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်သိကောင်းစရာ(Talk Show)ဆွေးနွေးပွဲ ဆောင်ရွက်

၂၀၂၃-ခုနှစ်၊ဖေဖော်ဝါရီ လ(၁၂)ရက်နေ့တွင်ကျရောက်မည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်(Youth Club)တို့ ပူးပေါင်း၍ ပြည်ထောင်စုနေ့အထိမ်းအမှတ် သိကောင်းစရာ Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ဆောင်ရွက်ခဲ့သည်။

မှော်ဘီမြို့နယ်၌ ဘုရားအနေကဇာတင်ခြင်းနှင့် စူဠဘွဲ့နှင်းသဘင် အလှူတော်ငွေများ ဆပ်ကပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ဘုရားအနေကဇာတင်ခြင်းနှင့် စူဠဘွဲ့နှင်းသဘင် အလှူတော်ငွေ ဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမ၌ ကျင်းပခဲ့သည်။

အိမ်မဲမြို့နယ် Community Centre ခန်းမတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Showကို ပြည်သူများ ပြည်ထောင်စုနေ့နှင့်ပတ်သက်သော သမိုင်းအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး တန်ဖိုးထားထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မိုင်းကိုင်မြို့နယ်၊ ရွှေလယ်တောစပါးမျိုးစေ့ထုတ်လုပ်ငန်းအစုအဖွဲ့သို့   ချေးငွေလွှဲပြောင်း ပေးအပ်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြိုနယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှု ကော်မတီမှ ရွှေလယ်တောစပါးမျိုးစေ့ထုတ်လုပ်ငန်းအစုအဖွဲ့သို့  ချေးငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်တက္ကသိုလ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ်

မြိတ်တက္ကသိုလ်တွင် ကျောင်းသား/သူများ ရှေးဦးပြုစုခြင်း အတတ်ပညာကို တတ်မြောက်ခြင်းအားဖြင့် လူမှုဂရုဏာလုပ်ငန်းများကို သယ်ပိုးဆောင်ရွက်နိုင်စေရန်၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေး၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ရှေးဦးပြုစုခြင်းလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်တတ်လာစေရန်အတွက် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို ယနေ့နံနက်ပိုင်းက တက္ကသိုလ်ကြက်ခြေနီ အသင်း (ခွဲ)မှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည်။
Subscribe to