အိမ်မဲ ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Showကို ပြည်သူများ ပြည်ထောင်စုနေ့နှင့်ပတ်သက်သော သမိုင်းအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး တန်ဖိုးထားထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေး Talk Show တွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်နှင့် ဒုတိယဦးစီးမှူး ဒေါ်စောသန္တာဦးတို့က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ဆောင်ပုဒ်၊ ကဗျာနှင့်ဆောင်းပါများ၊ ပြည်ထောင်စုစိတ်ဓာတ်ထာဝစဥ်ရှင်သန်ထက်မြတ်စေရေးနှင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်တို့၏ အဓိပ္ပါယ်များ၊ လွတ်လပ်ရေးနှင့်ပြည်ထောင်စုကြီး အဓွန့်ရှည်ခိုင်မြဲရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားပြည်သူအားလုံး မိမိတို့၏ တာဂန်တစ်ရပ်အဖြစ်ခံယူကာ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်သင့်သည့်အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။
ချစ်သက်လယ်(အိမ်မဲ)