ဇေယျာသီရိမြို့နယ်၌ လက်ထောက်မူလတန်းပြ ဆရာ/ ဆရာမများအား လုပ်ငန်းခွင်အကြို ရက်တိုမွမ်းမံသင်တန်းဖွင့်လှစ်ပို့ချ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ထပ်တိုးခန့်အပ်ထားသည့် လက်ထောက်မူလတန်းပြ ဆရာ/ ဆရာမများအား ကျောင်းလုပ်ငန်းခွင်တွင် လုပ်ငန်းများဆောင်ရွက်ရာ၌ အဆင်ပြေစေရေးအတွက် လုပ်ငန်းခွင်အကြို ရက်တိုမွမ်းမံသင်တန်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။