ရွှေတောင်မြို့နယ် အမက ( မြောက်ပိုင်း )ကျောင်းတွင် ကျောင်းသား/ကျောင်းသူ လေးများအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန် နွားနို့တိုက်ကျွေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အမက ( မြောက်ပိုင်း ) ကျောင်းတွင် ကျောင်းသား/ကျောင်းသူလေးများအား အာဟာရ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ   နွားနို့ တိုက်ကျွေးခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဗဟိုလ်ကျေးရွာ၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေပေးရေးဖွင့်ပွဲအခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ရွှေဗဟိုလ်ကျေးရွာ၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေပေးရေးဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေဦး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအတွင်းမှဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ကဝမြို့နယ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်းရှိ ပြည်သူများ ပြည်ထောင်စုနေ့နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကို ယမန်နေ့နံနက်(၁၀)နာရီက ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ကျင်းပခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား သိသင့်သိထိုက်သည်များအား သိရှိလေ့လာမှတ်သားနိုင်စေရေးနှင့် အထွေထွေဗဟုသုတများအား သိမြင်ရရှိတိုးပွားလာစေ‌ရေးအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား စဉ်ဆက်မပြတ်ကြိုးစားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ‌ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ပြုလုပ်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတရရှိလာစေရန် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက ပေါက်တောမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ပြုလုပ်ကြသည်။
Subscribe to