ဂွ ဖေဖော်ဝါရီ ၁၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ဆပ်သွားကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ပြည် သူထည့်ဝင်ငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော်ကကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ကျေးရွာသူ/ ကျေး ရွာသားများကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် ဆပ်သွားကျေးရွာအုပ်စု အလယ်ရွာကျေးရွာရှိ ရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ ဆပ်သွားကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာရှိ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ်ကို ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ ကျပ် (၁၀.၀၀) သန်း၊ပြည်သူထည့်ဝင်ငွေ ကျပ်(၀.၂၁) သန်းဖြင့် (၃၆၀ ပေ၊ ၁၀ ပေ၊ ၆လက်မ)ရှိ ကွန်ကရစ်လမ်းသစ်အားဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်