ဗိုလ်တထောင် ဖေဖော်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ညနေပိုင်းက ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
အဆိုပါ Talk Show တွင် ဗိုလ်တထောင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မြတ်မြတ်စိန်က ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်စေရန်အတွက် အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ ဒေါ်မေမြတ်စန္ဒာက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်း၊ ပြည်ထောင်စုနေ့ သတ်မှတ်ခဲ့ကြပုံ၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြတ်စေရေး၊ ပင်လုံစာချုပ် ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုနေ့နှင့် လွတ် လပ်ရေးနေ့တို့သည် သမိုင်းအစဉ်အဆက် ဆက်နွယ်လျက်ရှိကြောင်း စသည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ်ရုံး အနေဖြင့် ပြည်သူများအသိပညာနှင့် စာပေဗဟုသုတများ တိုးပွားစေရေးအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မေနှင်း(ပြန်/ ဆက်)