အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ

မိုင်းရှူး ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားကို ရှေးဦးစွာ Grade-5မှကျောင်းသား၊ကျောင်းသူလေးများက " ကြိုဆိုပါသည် စုံညီပွဲတော် "‌တေးသီချင်းဖြင့် သီဆိုခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် ခရိုင်လက်ထောက်ပညာရေးမှူး ဆရာမကြီးဒေါ်စိုးစိုးသန်းတို့က အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစိန်‌ငွေမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ဆုရကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက ဆုများသီးသီးပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။

အဆိုပါ ပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ စည်ကားသိုက်မြိုက်စွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ ဆက်)