သာကေတ ဖေဖော်ဝါရီ ၁၁
၂၀၂၃-ခုနှစ်၊ဖေဖော်ဝါရီ လ(၁၂)ရက်နေ့တွင်ကျရောက်မည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်(Youth Club)တို့ ပူးပေါင်း၍ ပြည်ထောင်စုနေ့အထိမ်းအမှတ် သိကောင်းစရာ Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူမှ (Talk Show)ဆွေးနွေးပွဲဆောင်ရွက်ရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာန၊ (ဌာနခွဲမှူး)၊ မြို့နယ် Youth Club(ဥက္ကဋ္ဌ) ဒေါက်တာ အောင်ကိုဦးမှ (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့်သမိုင်းကြောင်း၊ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ ဦးတည်ချက်၊ မျိုးဆက်သစ်လူငယ်၊ လူရွယ်များမှ မှတ်သားသင့်သည့် ပြည်ထောင်စုနေ့နှင့်ပတ်သက် သည့် မိန့်ခွန်းကောက်နုတ်ချက်များအား အကျယ်တဝင့် ဆွေးနွေးခဲ့သည်။
သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထိမ်းအမှတ်နေ့များ၊ အသိပညာပေးဆိုင်ရာများအား online ( Talk Show) အစီအစဥ်များ ရိုက်ကူးပြီးမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်Page ၌ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)