မှော်ဘီ ဖေဖော်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ဘုရားအနေကဇာတင်ခြင်းနှင့် စူဠဘွဲ့နှင်းသဘင် အလှူတော်ငွေ ဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မှော်ဘီမြို့နယ်၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဂန္တဝါစကပဏ္ဍိတ ဆရာတော်ဦးဃေဘိတထံမှ ငါးပါးသီလခံယူခြင်း၊ ပရိတ်တရားတော်များ နာကြားခဲ့ပြီး မှော်ဘီမြိုနယ် လုံးဆိုင်ရာ ဓမ္မစရိယ၊ပါဠိပထမပြန်၊ နိကာယ် စာမေးပွဲစာအောင် ဆုပေးပွဲ(စူဠဘွဲ့နှင်းသဘင်) တွင် စာအောင် သံဃာတော် များအတွက် မှော်ဘီမြို့နယ်၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဘုရားထံတွင် မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စက်မှုဇုန်မှလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊မြို့မိမြို့ဖများမှ လှူဒါန်းထားသော အလှူငွေကျပ် (၁၂၆)သိန်းကို မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ဆပ်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ စက်မှုဇုန်လုပ်ငန်းရှင်များ လှူဒါန်းထားသော အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာများကို မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး ဝေမိုးအောင်၊ ဌာနဆိုင်ရာများမှ လှူဒါန်းထားသော အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများမှ လှူဒါန်းထားသော အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းစိုး တို့မှ အသီးသီးပေးအပ်ခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ပိတ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော် (၉)ပါးအား ရွှေတောင်ခေါက်ဆွဲ အာရုံဆွမ်း ဆပ်ကပ်လှူဒါန်း၍ အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ (ပြန်/ ဆက်)