သပိတ်ကျင်းမြို့နယ်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၌ ၂၀၂၃ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ( ၇)မိုင်ကျေးရွာအုပ်စု၊ ( ၅)မိုင်ကျေးရွာ ၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါလမ်းပေါ်ရှိ  ဖွင့်ပွဲဆိုင်းဘုတ်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းဖွင့်ပွဲများအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး

(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ကွန်ကရစ်ဘီးလမ်းသစ်ဖွင့်ပွဲအား  ယမန်နေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီး‌ကျေးရွာ၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

စမ်းချောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာရေးနှစ်ဖြစ်သည့် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)တတိယသုံလပတ်အတွက်လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာစာကြည့်တိုက်များအား စာအုပ်လှူဒါန်းပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက်(၁၁)နာရီအချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ပြည်သူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးကို ရည်ရွယ်၍လည်းကောင်း၊ ကိုယ်အားကိုယ်ကိုး ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍လည်းကောင်း ကျေးရွာစာကြည့်တိုက် တာဝန်ခံများအား ဖိတ်ကြားပြီး စာအုပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လေ့လာလည်ပတ်စရာ နေရာတစ်ခုအဖြစ် ထင်ကျန်နေဦးမည့် စကုမြို့မှ အသင်္ခရာကျောင်း (ခေါ်) ပထမတိုက်အုတ်ကျောင်း

အသင်္ခရာကျောင်း (ခေါ်) ပထမတိုက် အုတ်ကျောင်းသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့တွင်တည်ရှိပြီး အသင်္ခရာမြို့စားမင်းက ဆောက်လုပ်လှူဒါန်းခဲ့၍ အသင်္ခရာကျောင်း ဟူ၍လည်းကောင်း၊ ပထမကျော်ဆရာတော် သီတင်းသုံးတော် မူခဲ့သောကြောင့် ပထမတိုက် အုတ်ကျောင်းဟူ၍လည်းကောင်း ခေါ်တွင်ခဲ့သည်။

မိုင်းဆတ်မြို့၌ ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းမှ နယ်မြေကွင်းဆင်း၍ ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒေသ ဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းမှ နယ်မြေကွင်းဆင်း ဟောပြောခြင်းကို ယနေ့နံနက် (၉)နာရီခွဲက ကာနကျေးရွာရှိ ကျေးရွာခန်းမဆောင်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ် ကားလမ်းတွင် မော်တော်ယာဉ်တစ်စီး အရှိန်မထိမ်းနိုင်ဘဲ ပေ ၁၀၀၀ ခန့် အနက်ရှိ ချောက်ထဲထိုးကျ ၅ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ တောင်ဘက် ၁၂ မိုင်ခန့် အကွာ၊ ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ် ကားလမ်း မိုင်တိုင်အမှတ် (၁၄/၂)နှင့် (၁၃/၃)အကြားတွင် ဖေဖော်ဝါရီ ၁၀ ရက်က  မော်တော်ယာဉ်တစ်စီး အရှိန်မထိမ်းနိုင်ဘဲ ချောက်ထဲထိုးကျခဲ့ကြောင်း သိရသည်။
Subscribe to