ရသေ့တောင် ဖေဖော်ဝါရီ ၁၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ ရခိုင်ရိုးရာကျင်ပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၂)နာရီက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ စေတီတောင်ရင်ပြင်ကျင်ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ရခိုင်ရိုးရာများ မပပျောက်သွားရန်ကျင်းပပြုရခြင်းဖြစ်ပြီး ကျင်စည်းကမ်းများနှင့်အညီ ယှဉ်ပြိုင်သွားကြရန် ပြောကြားခဲ့သည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ရခိုင်ရိုးရာကျင်ပွဲတွင် မြို့ပေါ်ကျင်သန်များနှင့် မြို့နယ်အတွင်းရှိကျင်သန်ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ယနေ့ညနေပိုင်းတွင်ရွှေမောင်းများ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)