အမာ ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ စိတ်ဓာတ်မြှင့်တင်ရေး တွေ့ဆုံ အားပေးခြင်းနှင့် အာဟာရများ ကျွေးမွေးခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းနှင့် ဌာနဆိုင်ရာများက မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ကြားပေးနေသည့် ဆရာ၊ဆရာမများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား စိတ်ဓာတ်မြှင့်တင်ရေး တွေ့ဆုံအားပေးခဲ့ပြီး ရုပ်/သံဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့က စုပေါင်း၍ ကြက်သားပလာတာများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
အမာ(ပြန်/ဆက်)