မိုင်းရယ် ဖေဖော်ဝါရီ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ရှိ စီမံကိန်းကျေးရွာများသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စီမံကိန်းကျေးရွာများမှ ချေးငွေထုတ်ချေးမည့် တောင်သူများတက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ထုတ်ချေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းခိုင်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးခြင်းဆိုင်ရာ စာချုပ်ပါ အချက်အလက်များကို ရှင်းလင်းဖတ်ကြားတင်ပြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စီမံကိန်းကျေးရွာများသို့ အရင်းမပျောက် မတည်ရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍအစုအဖွဲ့(၉)ဖွဲ့နှင့် မွေးမြူရေးကဏ္ဍအစုအဖွဲ့(၃)ဖွဲ့တို့အတွက် စုစုပေါင်းငွေကျပ် ၂၃၂ ဒသမ ၂၀ သန်းရှိ ချက်လက်မှတ်များကို အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)