လဲချား ဖေဖော်ဝါရီ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စားပွဲတင် တင်းနစ်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီ အချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် လဲချားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေမှ အဖွင့်မိန့်ခွန်းစကား ပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းထွန်းဦးမှ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ထောက်ပံ့ငွေ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ယင်းနောက် စားပွဲတင် တင်းနစ်ဥက္ကဋ္ဌ ဦးတင်မြင့်မှ ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည့် ပြိုင်ပွဲဝင် စုစုပေါင်း (၂၂) ဦး တို့အား ပြိုင်ပွဲစည်းမျဥ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားကာ ပြိုင်ပွဲကို စတင်ယှဥ်ပြိုင်ကစားခဲ့သည်။
အဆိုပါ စားပွဲတင်တင်းနစ် ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ အားကစားသမားများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လဲချား ( မြို့နယ်ပြန်/ဆက်)