(၇၆)ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆင်သေချောင်း ယာယီရေထိန်းဆည် လျှပ်စစ်ရေတင်စနစ်ဖြင့် ရေစတင်ပေးဝေအခမ်းအနားကျင်းပ

ဇေယျာသီရိ ဖေဖော်ဝါရီ ၁၂


(၇၆)ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆင်သေချောင်းယာယီရေထိန်းဆည် လျှပ်စစ်ရေတင်စနစ်ဖြင့် ရေစတင်ပေးဝေအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက သာယာအေးကျေးရွာ၊ ဆင်သေချောင်းကမ်း၌ ကျင်းပရာ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟန်ဝင်းထူး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ညွန့်(ရေအရင်းအမြစ်)နှင့် တောင်သူကိုယ်စားလှယ်(၂)ဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်နှင့် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးတို့က ရေဖြန်းစက်ခလုတ်တို့အားနှိပ်၍ ရေစတင်ပေးဝေခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များမှ ဆင်သေချောင်းယာယီရေထိန်းဆည်မှ လျှပ်စစ်ရေတင်စနစ်ဖြင့် ရေပေးဝေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်က လိုက်လံရှင်းလင်းပြသခဲ့သည်။
အဆိုပါ ဆင်သေချောင်းယာယီရေထိန်းဆည် လျှပ်စစ်ရေတင်စနစ်ဖြင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးဧက ၁၆၉ ဧကအား စိုက်ပျိုးရေးပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)