မြင်းခြံခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရုံးတွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

မြင်းခြံ ဖေဖော်ဝါရီ ၁၂

မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အခမ်းအနားမှူး သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် သင်တန်းနည်းပြအဖြစ် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က အခမ်းအနားမှူးတစ်ဦးတွင် ရှိရမည့်အရည်အချင်းများအကြောင်း၊ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ရမည့် အချက်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ အခမ်းအနားမှူး၏ ဝတ်စားဆင်ယင်မှုနှင့် အသံအနေအထားအကြောင်း၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည့်နည်းလမ်းများအကြောင်း၊ အသံ အဖြတ်အတောက်၊ အနိမ့်အမြင့် အသုံးအနှုန်းများအကြောင်းနှင့် အခမ်းအနားမှူးတာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် နည်လမ်းများကို စာတွေ့/လက်တွေ့ လေ့ကျင့်သင်ကြား ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားမှူးသင်တန်းကို မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်အောက်ရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ်တို့မှ သင်တန်းသူ (၈) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)