ဆိပ်ဖြူမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ

ဆိပ်ဖြူ ဖေဖော်ဝါရီ ၁၂

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲအခမ်းအနားကို ယနေ့နေ့နံနက် ၉ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပန်းချီဝါသနာရှင်များအဖွဲ့က ပူးပေါင်းကျင်းပ ဆောင်ရွက်ခဲ့ကြပြီး အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်ကျောင်းသား/ ကျောင်းသူများက လာရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက်ပြိုင်ပွဲဝင် ပန်းချီပုံများအားဆုများ ရွေးချယ်ပေးခဲ့ပြီး ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။ 

ကိုဇွဲ(အညာမြေ)