မန္တလေးတိုင်းဒေသကြီး၊ မန္တ‌လာသီရိအားကစားကွင်း၌ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပ

ချမ်းမြသာစည် ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တ‌လာသီရိအားကစားကွင်း၌ ယနေ့နံနက်ပိုင်းက ၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံတင်အခမ်းအနားအား နံနက်(၄:၂၀)တွင် စတင်ကျင်းပခဲ့ရာ အခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးအားအလေးပြုခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလံတင်အလေးပြုခြင်း၊ ကျဆုံးသွားသည့် တပ်ဖွဲ့၀င်များအား အလေးပြုခြင်းတို့ကို ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ပြီး နံနက် ၇:၃၀ အချိန်တွင် ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်အားအလေးပြုခြင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းဆောင်ရွက်ပြီးနောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှပေးပို့သော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့သ၀ဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်မှ အခမ်းအနားသို့ တက်ရောက်လာသူများအား လိုက်လံနှုတ်ဆက်ခြင်း၊ ပြခန်းများနှင့် စတုဒီသာ ကျွေးမွေးခြင်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။    

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံ‌ရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လူမှုဝေးရာဝန်ကြီး ဦးယဉ်ထွေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်၊ ဥပဒေချုပ် ဦးမြင့်အောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ မန္တလေးအခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ် Mr. Neeraj Kumar၊ တရုတ်ကောင်စစ်ဝန်ချုပ် Mr Chen Chen (ခ) ဦးခင်စိန်၊ ဖိတ်ကြားထားသည့် နိုင်ငံရေးပါတီများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ တိုင်းရင်းသားလူမျိုးများ၊ စစ်မှုထမ်းဟောင်းများ၊ အသင်းအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်/ကောလိပ်၊ အခြေခံကျောင်းများမှ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများစုစုပေါင်းအင်အား (၃၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ခင်စိမ်း၀င်း (မြို့နယ်၊ ပြန်/ဆက်)