ဒလ ဖေဖော်ဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း)ပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီ အချိန်က ကမာကဆစ်ရပ်ကွက်ရှိ ဗိုလ်တေဇအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဗိုလ်လုပွဲကို အံ့ကြီးအရှေ့အသင်းနှင့် ကမာကဆစ်အသင်းတို့ ယုဉ်ပြိုင်ကစားကြရာ ကမာကဆစ်အသင်းမှ ပထမဆုရရှိခဲ့ပြီး အံ့ကြီးအရှေ့အသင်းမှ ဒုတိယဆုနှင့် အောင်မင်္ဂလာ အသင်းမှ တတိယဆု တို့ကို အသီးသီးဆွတ်ခူး ရရှိခဲ့သည်။ ဆက်လက်၍ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော် ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးစိုးဝင်းတို့က ဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ပရိသတ်များတက်ရောက် အားပေးခဲ့ကြသည်။
မြင့်ဇော်(ပြန်/ဆက်)