ကျိန္တလီ ဖေဖော်ဝါရီ ၁၂
ကျိန္တလီမြို့၌ စာရေးဆရာမောင်မင်းစိုး၏ “လူငယ်နဲ့အပြောင်းအလဲ” စာအုပ်ဖြင့် ယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်သန်းသန်းလေးက ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းအားလပ်ချိန်များတွင် အသိပညာဗဟုသုတများရရှိစေရန် စာအုပ်စာပေများဖတ်ရှုရန်လိုအပ်ကြောင်း၊ ယခုလိုတစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတများ ဖလှယ်နိုင်ရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်၊၊
ဆက်လက်၍ မဖြိုးအိမွန်က “တန်ပြန်သက်ရောက်မှုများ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်စည်သူအောင်က “လူငယ်နှင့်ပရဟိတစိတ်ဓာတ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ပြည့်ဖြိုးမြင့်က “ပေးသောလက်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသက်ဝေလှိုင်က “မြင့်မြတ်သူတို့၏လမ်းကြောင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်လင်း