ကာမိုင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်‌ ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပ

ကာမိုင်း ဖေဖော်ဝါရီ ၁၂

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်‌သော ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် မိုးညှင်းခရိုင် ကာမိုင်းမြို့တွင် ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ထိုသို့ ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး စာကြည့်တိုက်အသင်း၀င် ကျောင်းသား၊ ကျောင်းသူများအား ပန်းချီပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများကို အထက(ကာမိုင်း)ကျောင်းမှ ကျောင်းသား ကျောင်းသူ(၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို မြို့ဦးစီးမှူးတာ၀န်ခံ ဒေါ်ရွှေဇင်ဦးက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် စာအုပ်စာစောင်ပြပွဲတွင် ကလေးနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များကို ခင်းကျင်းပြသ၍ ကလေးငယ်များက စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)