နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ပြည်ထောင်စုနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ထန်ပါခွေ      ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ဖေဖော်ဝါရီလ (၁၂)ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထန်ပါခွေမြို့ရုံး ဝန်ထမ်းများမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နဲ့ကဗျာ၊ ဆောင်ပုဒ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသား ဦးတည်ချက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ဆောင်းပါး၊ ကာတွန်းများဖြင့် ဝေဝေဆာဆာ ဖော်ပြပါရှိပြီး မျိုးဆက်သစ်လူငယ်များ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ထန်ပါခွေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးဟန်မျိူးထွန်းနှင့် ဝန်ထမ်းများမှ  ထန်ပါခွေမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ကျောင်းသား၊ ကျောင်းသူ များနှင့် ဒေသခံပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အလန်(ပြန်/ဆက်)