ရေကြည်မြို့နယ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရေကြည်    ဖေဖော်ဝါရီ   ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ မြို့မရပ်ကွက် ဂိုဒေါင်လမ်းကတ္တရာ ထပ်ပိုးလွှာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါဆောင်ရွက်သည့်ဂိုဒေါင်လမ်း ကတ္တရာထပ်ပိုးလွှာအား ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် မြို့မရပ်ကွက် ဂိုဒေါင်လမ်းကတ္တရာထပ်ပိုးလွှာ  လမ်းအရှည် ၁၄၀၀၊ အကျယ် ၁၂ ပေနှင့် ထု(၀.၃)လက်မရှိ ကတ္တရာ ထပ်ပိုးလွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း  အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကတ္တရာလမ်းအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)