(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော စမ်းပွင့် အဆင့်မြင့်ဆီစက်အားဖွင့်လှစ်

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့်ဆောင်ရွက်သော စမ်းပွင့်အဆင့်မြင့် ဆီစက်ဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်က ဘားအံစက်မှုဇုန်ရှိ အဆိုပါဆီစက်တည်နေရာ၌ ကျင်းပခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင်  မြန်မာနိုင်ငံကလေးသူငယ်များနေ့ အထိမ်းအမှတ် ကျောင်းသား၊ကျောင်းသူများ ပျော်ရွှင်မှုရစေရန်အားကစားပြိုင်ပွဲငယ်များကျင်းပ

မြန်မာနိုင်ငံကလေးသူငယ်များနေ့အထိမ်းအမှတ်အဖြစ် ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် လာရောက်လေ့လာဖတ်ရှု အသုံးပြုလျက်ရှိသော ကျောင်းသား၊ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန်အတွက် အားကစားပြိုင်ပွဲ ငယ်များကျင်းပပြုလုပ်ပေးခြင်းကို ဖေဖော်ဝါရီလ (၁၃)ရက်၊ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာစီစာကုံး ပြိုင်ပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များဖြစ်ပေါ်စေရန်၊ ဖတ်မှတ်စွမ်းရည်တိုးတက်လာစေရန်ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ‌ရောဂါကာကွယ်ဆေးများ ဆက်‌လက်ထိုးနှံ‌ပေး

ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက် ၁၈ နှစ် အထက်များအား Myancopharn ကာကွယ်ဆေးများကို ပထမအကြိမ်ထိုးနှံပေးပြီး၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းပြင်ပကလေးများအား Pfizer ကာကွယ်ဆေးများကို ယနေ့နံနက် ၀၉:၀၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခေမာသီလမ်း၊ ဝေပုလ္လအိမ်ယာအနီး မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့်ပြီးစီးရေး အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့ အ.ထ.ကပေါင်ကျောင်း၌ ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံ‌ငွေဖြင့် နှစ်ထပ်ကျောင်းဆောင်သစ်တည် ဆောက်ခြင်းလုပ်ငန်း (၄၀)ရာခိုင်နှုန်းပြီးစီး

နိုင်ငံတစ်ဝန်းရှိ ကျောင်းသားလူငယ်မောင်မယ်များ စိတ်အေးချမ်းသာစွာ ပညာလေ့လာသင်ယူနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍  ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများတည်ဆောက်ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပေါင်ကျေးရွာအုပ်စု၊ ပေါင်ကျေးရွာရှိ အ.ထ.က ပေါင်ကျောင်းတွင် (၁၂၀ပေx၂၄ပေ)ရှိ အုတ်ညှပ်သွပ်မိုး နှစ်ထပ်ကျောင်းဆောင်ဟောင်းအား ဖျက်သိမ်းပြီး RCCဖြင့် ( ၁၃၀ပေ× ၃၀ပေ)ရှိ နှစ်ထပ် ကျောင်းဆောင်သစ် တစ်လုံးတည်ဆောက်ပေး လျက်ရှိကြောင်း သိရသည်။

နမ့်ဆန်မြို့နယ်တွင် (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် အသိပညာပေးမြေစိုက်နံရံကပ်စာ စောင်ပြသဆောင်ရွက်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ဖေဖော်ဝါရီလ(၁၈) ရက်နေ့တွင်ကျရောက်မည့် မြန်မာ-ရှရှားသံသမန် ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် အသိပညာပေးမြေစိုက်နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်းရှိ ပြည်သူများ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ စာဖတ်သည့်  အလေ့အထကောင်းများရရှိရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိရန် စာပေဖတ်ရှုခြင်းမှရရှိသော အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍  (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့သည်။

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ မြန်မာနိုင်ငံကလေးများနေ့နှင့် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁) မူလတန်းကြို‌ကျောင်းတို့ပူးပေါင်း၍ မြန်မာနိုင်ငံကလေးများနေ့နှင့် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်မဲမြို့တွင် ၇၆ နှစ်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စစ်တုရင်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ
Subscribe to