ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းများဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနအလိုက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် စာရေးဆရာများ၏ စာအုပ်၊ စာပေပြခန်းများ၊ ရခိုင်ရိုးရာ(ပိုင်စရာ) အစားအစာပြခန်းများဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဝေသာလီအားကစားကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်း သားမျိုးနွယ်စုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။