နမ့်ဆန် ဖေဖော်ဝါရီလ ၁၃
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ဖေဖော်ဝါရီလ(၁၈) ရက်နေ့တွင်ကျရောက်မည့် မြန်မာ-ရှရှားသံသမန် ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် အသိပညာပေးမြေစိုက်နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါမြေစိုက်နံရံကပ်စာစောင်တွင် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုဓာတ်ပုံများ စုစုပေါင်းမှတ်တမ်းဓာတ်ပုံ(၂၀) ပါဝင်ပြီး အများပြည်သူ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေးရုံး ရှေ့နံရံကပ်ဘုတ်တွင် ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)