ကာလိမြို့၌ စာအုပ်၊ စာစောင်များ Mobile Library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ဖေဖော်ဝါရီလ (၁၀)ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က အခြေခံပညာမူလတန်းကျောင်း( လွိုင်ချို)သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ်၊ အ.ထ.က ပန်းကုန်း(မွန်) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို  ယနေ့နံနက်ပိုင်းက အ.ထ.ကပန်းကုန်း(မွန်)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းခတ်မြို့နယ်၌ နွေရာသီအခြေခံအားကစား သင်တန်းများဖွင့်လှစ်မည်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မိုင်းခတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်၊ လူရွယ်များအနေဖြင့် အခြေခံအားကစားနည်းစနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးရှိသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ၂၀၂၃ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အင်တောမြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်စကားပုံဆက်ပြိုင်ပွဲနှင့် အားကစားပွဲများကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် စကားပုံဆက်ပြိုင်ပွဲနှင့်အားကစားပွဲများကို ယမန်နေ့နံနက် ၈ နာရီမှစတင်၍ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းရှိ ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

သထုံမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ (၁၂)ရက်နေ့က သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး‌ရှေ့ကွင်းပြင်၌ ကျင်းပသည်။

ကျိုက်မရောမြို့နယ်၌ ရိုးရာငါးဖမ်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသော  ရေပူကော့စပ်ကျေးရွာရှိ  ဒေါင်ဒင်းအင်းငါးဖမ်းပွဲတော်ကို ယနေ့နံနက် ၇ နာရီမှစတင်ကာ အဆိုပါ အင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

မိုင်းလုံမြို့တွင် သတ္တမအကြိမ်မြောက် တပေါင်းပွဲဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်  သတ္တမအကြိမ်မြောက် တပေါင်းပွဲဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့က  မိုင်းလုံမြို့ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မင်းတုန်းမြို့ တွင်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးအလွတ်တန်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် ယမန်နေ့ နံနက် ၉ နာရီကတွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပခဲ့ရာ ဖူဆယ်ဘောလုံး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထဆု ရရှိသည့် ‌ဖူဆယ်ဘောလုံး အသင်းများအား ဌာနဆိုင်ရာအကြီးအကဲများမှ ဆုများပေးအပ်ခဲ့ကြ ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းနားကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ် မြို့နယ်ခန်းမ၌ ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ကျင်းပခဲ့ရာ ယမန်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များစာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ယမန်နေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to