ကျောက်မဲ ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းတွင် ကျင်းပခဲ့ရာ ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် စစ်တုရင်ကစားသမားများ ၁၂ ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်းနှင့် ပထမဆုကို ဆုငွေကျပ်(၁၀၀၀၀၀/-)၊ ဒုတိယဆုကို ဆုငွေကျပ်(၇၀၀၀၀/-)၊တတိယဆုကို ဆုငွေကျပ် (၅၀၀၀၀/-)၊ စတုတ္ထဆုကို ဆုငွေကျပ်(၃၀၀၀၀/-) ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်မဲခရိုင်၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က ဆုများကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)