မိုင်းငေါ့မြို့တွင် (၇၅) နှစ်‌မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင်ပြသဆောင်ရွက်ထာရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏မူဝါဒများ၊ နိုင်ငံတော်အကြီးအကဲများ၏လုပ်ငန်း ဆောင်ရွက်ချက်များ၊ ထူးခြားဖြစ်စဉ်များ၊ အသိပညာပေးအကြောင်းအရာများကို ပြည်သူများ ကြည့်ရှုလေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မယ်စဲ့မြို့နယ်တွင် ကျောင်းကျန်းမာရေး ပညာပေးဟောပြောပွဲကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီ၏ ကျောင်းကျန်းမာရေး ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မယ်စဲ့မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို မော်လမြိုင်မြို့ မောရဝတီပန်းခြံတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင်ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာ  Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက် ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။

နောင်တရားဒေသ၌ ဆောင်းသီးနှံ ကြက်သွန်ဖြူ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ဆောင်းသီးနှံအဖြစ် ကြက်သွန်ဖြူ စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သစ်ပင်မဲကျေးရွာမှ ကြက်သွန်ဖြူစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။

ဖားဆောင်းမြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​​ဆောင်းမြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက မြို့နယ်အုပ်ချုပ်​ရေးမှူးရုံး အစည်း​ဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to