ရန်ကင်းမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနား  ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၇:၃၀ နာရီက ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာ ပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား   ရပ်ကွက်/ ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃နာရီ အချိန်က ပဲခူးမြို့ ဟံသာဝတီယူနိုတ်တက်ဘောလုံးကွင်း၌ ကျင်းပရာ ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်၊ ပဲခူးခရိုင် အားကစားနှင့်ကယာပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်း၊ ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး ဇင်ဝင်းထွန်း၊ ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းခိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဘောလုံးဝါသနာရှင် ဒေသခံပြည်သူများ ကြည့်ရှုအားပေးခဲ့ကြပြီး

ဝမ်းတွင်းမြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန ဝမ်းတွင်းမူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြော ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး  အသိပညာပေးဟောပြောပွဲနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်၊ နံနက် ၁၀ နာရီအချိန်က အခြေခံပညာပညာအထက်တန်းကျောင်း(မြို့မ)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား/ အမျိုးသမီး လူသစ်တန်း ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်ထောင်စုနေ့အထိမ်းအမှတ်   အမျိုးသား/ အမျိုးသမီး လူသစ်တန်း (3X3)ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်၁၁ နာရီခွဲအချိန်က တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများစာဖတ်ဝိုင်းပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ​​ယနေ့​​နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ကျိုင်းတုံ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အငယ်တန်းစာရေးနှင့် ရုံးအကူဝန်ထမ်း လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့် 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သော ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှ အငယ်တန်းစာရေးနှင့် ရုံးအကူဝန်ထမ်းလုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲကို ယနေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

မိုင်းယုမြို့၌ လူငယ်နှင့် လူမှုဆက်ဆံရေးခေါင်းစဉ်ဖြင့် (Talk Show)ဆွေးနွေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် လူငယ်နှင့်လူမှုဆက်ဆံရေးခေါင်းစဉ်ဖြင့် (Talk Show)ဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ပေါက်တောမြို့ရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက်  တစ်အိမ်တက်ဆင်းမီးသတိမူရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်​၊ ပေါက်တောမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်များ မီးဘေးလုံခြုံရေးအတွက်  တစ်အိမ်တက်ဆင်းမီးသတိမူရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ပေါက်တော မြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက်တွင် နေအိမ်များ မီးဘေးလုံခြုံရေးအတွက် မီးသတိမူရေး စစ်ဆေးအကြံပေးကြသည်။

ပဲခူးမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပ

ပဲခူးမြို့၌ (၇၆) နှစ်မြောက်၊ ပြည်ထောင်စုနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
Subscribe to