ဘီးလင်းမြို့နယ် အ.ထ.က(ကဇိုင်း)ကျောင်းနှင့် အ.လ.က(ဗိုလ်တေဇ) ကျောင်းများ၌ လူငယ်စကားဝိုင်းကျင်းပ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အားကစားနှင့် ကာယပညာဦးစီးဌာနဌာန၊ ပညာရေးဌာန တို့နှင့်ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ်က ဇိုင်းကျေးရွာ အခြေခံပညာအထက် တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။