မော်လမြိုင် ဖေဖော်ဝါရီ ၁၃
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁)မူလတန်းကြိုကျောင်းတို့ပူးပေါင်း၍ မြန်မာနိုင်ငံကလေးများနေ့နှင့် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်စန်းမြင့်က ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်(၁)မူလတန်းကျောင်ကြိုကျောင်းမှ ကလေးငယ်လေးများက ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများစသည့် ကာယ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရာ အမှတ် ၁ မူလတန်းကြိုကျောင်းမှ ကျောင်းသား/ သူ ၂၀ ဦးက ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုနောက် ကျောင်းသား/ သူလေးများက ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့် အကြောင်းအရာများ ပါ၀င်သောနံရံကပ်စာစောင်များအား စိတ်ပါ၀င်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ ဆက်