ဟိုပန်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်မောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး ကြပ်မတ်ဆောင်ရွက်

ဟိုပန် ဖေဖော်ဝါရီလ ၁၅

‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဥ်မောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာနိုင်ရန်အတွက် စစ်ဆေးကြပ်မတ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်ဦးဆောင်၍ ဆောင်ရွက်ခဲ့ပါသည်။

ပထမဦးစွာ ဟင်းနားကျေးရွာရှိ ပဲသီးရောင်းဝယ်ရေးကွင်း၌ ပဲသီးတင်ပို့ရောင်းချသူများနှင့်တွေ့ဆုံကာ ပဲသီးတင်ပို့သည့်ကားများ မြို့တွင်းမှဖောင်ဆိပ်လမ်း တစ်လျှောက်ကားများကို အရှိန်လျော့မောင်းနှင်းရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကိုလိုက်နာရန် အသိပေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဗြုံးထုတ်လုပ်သည့်နေရာသို့ သွားရောက်ကာ ဗြုံးသယ်သည့်ထော်လာဂျီယာဉ်များ လမ်းတလျှောက်ဖိတ်စင်မှုမရှိစေရေး အမိုးအကာတပ်ဆင်၍ သယ်ဆောင်ရန်၊ အများပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများလိုက်နာဆောင်ရွက်သွားရန် အသိပေးမှာကြားခဲ့ပါသည်။

အဆိုပါ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ မြို့နယ်ဥပဒေအရာရှိ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးအရာရှိ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး၊ မြို့နယ်လမ်းဦးစီးဌာနမှူး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)