ပေါင် ဖေဖော်ဝါရီ ၁၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် လက်ထောက် မူ/ပြ ဆရာ၊ဆရာမများလုပ်ငန်းခွင် အကြိုရက်တိုသင်တန်းဆင်းပွဲကို ယမန်နေ့ညနေပိုင်းက ပေါင်မြို့နယ်အခြေခံ ပညာအထက်တန်း ကျောင်းရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပေါင်မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ဆရာ၊ဆရာမများသည်မိမိတာဝန်ကျရာကျောင်းများတွင် ဆရာကျင့်ဝတ်နှင့်အညီနေထိုင်ကြရန်နှင့် ဆရာကျင့်ဝတ်အားရှင်းလင်းပြောကြားပြီး ဆရာဆရာမများအားအလုပ်ခန့်အပ်လွှာနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် ပေါင်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌လိုအပ်လျှက်ရှိသည့် လက်ထောက် မူ/ပြ ဆရာ၊ဆရာမများအား ခန့်အပ်၍သင်ရိုးညွှန်းဘာသာရပ်များကို (၆)ရက် ကြာသင်ကြားပို့ချခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)