လယ်ဝေးမြို့နယ်တွင်၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသားကျောင်းသူ ၁၄၇၃ ဦးဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်းထား

လယ်ဝေး ဖေဖော်ဝါရီ ၁၅

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ  ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင်စာစစ်ဌာန(၁၀)ခု၌ ကျောင်းသား​ကျောင်းသူ (၁၄၇၃)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။

လယ်ဝေး​မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က ၁၊ အ.ထ.က (ဝက္ကမူ)၊ အ.ထ.က ၃ (သပြေပင်)၊ အ.ထ.က ၄(သဲဖြူ)၊ အ.ထ.က(အေလာ)၊ အ.ထ.က(သာဝတ္ထိ)၊ အ.ထ.က (သဲကောကြီး) ၊ အ.ထ.က (သစ်ပုတ်ပင်) ၊ အ.ထ.က (ကံသာ) ၊ အ.ထ.က (ကန်လှ) စသည့် စာစစ်ဌာန၁၀ခုတွင် ကျင်းပမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း ကျောင်းသား​၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာနများ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆောင်ရွက်မည်ဖြစ်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု​များ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ဝေကြည် (ပြန်/ဆက်)