တောင်ငူမြို့၊ မြတ်စောညီနောင်၊ နောင်တော်ကြီးစေတီတော်၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်ရှိ ရတနာများကို သန့်စင်ဆေးကြောခြင်းပြုလုပ်ရာတွင် သြဝါဒစရိယ ဆရာတော်ကြီးများထံမှ သြဝါဒခံယူခြင်း အခမ်းအနားကျင်းပ

တောင်ငူ ဖေဖော်ဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မြတ်စောညီနောင်၊ နောင်တော်ကြီးစေတီတော်၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်ရှိ ရတနာများကို သန့်စင်ဆေးကြောခြင်းပြုလုပ်ရာတွင် သြဝါဒစရိယဆရာတော်ကြီးများထံမှ သြဝါသခံယူခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့ ၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဂန္တဝင်ကိုးခန်းသိမ်တော်ကြီး၌ ကျင်းပသည်။

ရှေးဦးစွာ “နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍  အခမ်းအနားအားစတင်သည်။ ဆက်လက်၍ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ တောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြတ်စောညီနောင်ဂေါပက ဥက္ကဋ္ဌနှင့် အလှူဒါယကာတို့က ကြာနီကန်ပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယကနိုင်ငံတော်သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သူရိယထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက်မြတ်စောညီနောင်ဂေါပကဖွဲ့ဥက္ကဋ္ဌနှင့် အလှူဒါယကာ ဦးဇင်ကိုဝင်းတို့က သာသနာရေးဆိုင်ရာများကို လျှောက်ထားကြပြီးအခမ်းအနားသို့ တက်ရောက်လာကြသူများက သြဝါဒစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူကြသည်။

ထို့နောက်သြဝါဒစရိယဆရာတော်ကြီးများကို လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်