ဟိုပန် ဖေဖော်ဝါရီလ ၁၅
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် ထက်၊ လယ်၊ မူ ကျောင်းများတွင် အတန်းတင်စာမေးပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်ကာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အ-ထ-က(ဟိုပန်)တွင် Grade-4 တန်းမှ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၈၅)ဦး၊ Grade-6 တန်းမှဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၃၅)ဦး၊ Grade-7 တန်းမှ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၁၄)ဦး၊ Grade-8 တန်းမှ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၉၅)ဦး၊ Grade-10 တန်းမှဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၇၉)ဦး၊ Grade-11 တန်းမှ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၄၀)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၄၄၈)ဦးသည် ၁၄-၂-၂၀၂၃ ရက်နေ့တွင် မြန်မာစာဘာသာနှင့် အင်္ဂလိပ်စာဘာသာတို့ကို ဖြေဆိုခဲ့ပါသည်။
Grade-4၊ Grade-6 ၊ Grade-7၊ Grade-8 ၊ Grade-10 ၊ Grade-11 စာမေးပွဲမျာကို ယနေ့မှ စတင်ကာဖြေဆိုလျက်ရှိပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ Grade-5 နှင့် Grade-9 စာမေးပွဲတို့ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စတင်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)