ဘီးလင်းမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၆၈၈)ဦးအား လူမှု​​ရေးပင်စင်များ အိမ်တိုင်ရာရောက်ထောက်ပံ့

ဘီးလင်း ဖေဖော်ဝါရီ ၁၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား ၂၀၂၂ ခုနှစ်၊ (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် လူမှုရေးပင်စင်များကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့်​​ကျေးရွာများတွင် အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွား(၆၈၈)ဦးအတွက် ငွေကျပ်(၂၀၆ )သိန်း လေးသောင်းကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူများက တစ်အိမ်တက်ဆင်းလိုက်လံ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

ထူးနောင် ဘီးလင်း (ပြန်/ ဆက်)