ကြံခင်းမြို့နယ် သမဝါယမအသင်းသားသို့ အရင်းမပျောက်မတည်ငွေ (သတ္တမအကြိမ်) မျိုးမြေပဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ချောင်းခွကျေးရွာ နွေစပါးစိုက်ပျိုး အောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှုခြင်းနှင့် သမဝါယမအသင်းသားသို့ အရင်းမပျောက်မတည်ငွေ (သတ္တမအကြိမ်) မျိုးမြေပဲနှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အလုံကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။