ထန်းတပင်မြို့နယ်၌ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်

ထန်းတပင်(ပဲခူး) ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့ နံနက် ၈ နာရီက မြို့မစည်ပင်သာယာဈေးနှင့် လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။

ထိုသို့နှိုးဆော်ရာတွင်ရာတွင် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ဂနာမငြိမ်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ နုံးချိပျော့ခွေခြင်း၊ အလွန်အမင်း ရေဆာခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် အပူဒဏ်အန္တရာယ် ကျရောက်သည့် လူနာကို အရေးပေါ်ရှေးဦးပြုစုခြင်း စသည့် အပူဒဏ်အန္တရာယ်အကြောင်း သိကောင်းစရာများ၊ လိုက်နာရန်အချက်များ၊ ရှောင်ရန်အချက်များကို အသိပညာပေး နှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)