ဒေးဒရဲမြို့၌ မိုးရာသီကာလ ရေကြီး၊ ရေလျှံမှုများ မဖြစ်ပွားစေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်များ၌ မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းကစတင်၍ မြို့ပေါ်ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။