ပုသိမ်မြို့ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးပြီး အသိပညာဗဟုသုတများ တိုးပွားစေရန် လူငယ်ရေးရာဟောပြောပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် အမှားအမှန်ခွဲခြားသိမြင်နိုင်သော လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ဇွန်လ (၁၁) ရက်နေ့ နံနက်ပိုင်းက အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ လူငယ်ရေးရာ ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။